၂ဝဝဝ ခုနှစ်တွင် မိသားစုစီးပွားရေးအနေနဲ့စခဲ့ပြီး ကမာရွတ်ဘူတာရုံလမ်းက လှိုင်ဈေးကြီးအတွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် စရောင်းခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့စားသုံးသူ တွေရဲ့အားပေးမှုကို ရလာခဲ့ပြီး ဦးလေးကြီး ၃ ယောက်ရောင်းတဲ့ဆိုင်ဆိုပြီး လူ သိများလာခဲ့ပါတယ်။
၂ဝဝ၅ ခုနှစ်တွင် Ocean North Point Hypermarket ရဲ့ Delicatessen Counter တွင် ရွှေကံ့ကော်အမည်နှင့် ထုတ်ကုန်များအား အလေးချိန်ဖြင့်ချိန်တွယ်ရောင်းချခဲ့ပါတယ်။
၂ဝ၁ဝ ခုနှစ်တွင် တပိုင်တနိုင်ချက်ပြုတ်ရာမှ လှိုင်သာယာ စက်မှုဇုံတွင် အလုပ်ရုံတည်ထောင်ပြီး Myanmar Traditional Food များကို အဆင့်အတန်းမြင့်မားစွာ ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။