၂ဝဝဝ ခုနှစ်မှာ မိသားစုစီးပွားရေးလေးအနေနဲ့စခဲ့ပြီး ပစ္စည်းအမျိုးအစား ၃ မျိုး ကို ကမာရွတ်ဘူတာရုံလမ်းက လှိုင်ဈေးကြီးမှာ တစ်နိုင်တစ်ပိုင် မိသားစု စီးပွားရေးလုပ်ငန်းလေးအဖြစ် စရောင်းခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့စားသုံးသူ တွေရဲ့အားပေးမှုကို ရလာခဲ့ပြီး ဦးလေးကြီး ၃ ယောက်ရောင်းတဲ့ဆိုင်ဆိုပြီး လူ သိများလာခဲ့ပါတယ်။
၂ဝဝ၅ ခုနှစ်မှာ Ocean North Point Hypermarket ရဲ့အစားအသောက် ကောင်တာမှာ စားသောက်ကုန်တွေကို အလေးချိန်နဲ့ ချိန်တွယ်ရောင်းချခဲ့ပါ တယ်။
၂ဝ၁ဝ ခုနှစ်မှာ မိသားစုတပိုင်တနိုင် ချက်ပြုတ်တဲ့နေရာကနေ လှိုင်သာယာ စက်မှုဇုံမှာ အလုပ်ရုံတည်ထောင်ပြီး မြန်မာစားသောက်ကုန်တွေကို အဆင့် အတန်းမြင့်မားစွာ ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။















